မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်ရှိ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း အမှတ်စဉ်(၉/၂၀၂၃)သင်တန်းဆင်းပွဲ ပြုလုပ်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်ရှိ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၉/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်း တွင် အဆိုပါကောလိပ်ရှိ ပညာညီလာခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကျောင်းအုပ်ဆရာမကြီးတို့က အမှာစကား များ အသီးသီး ပြောကြားကြပြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အကအလှများ၊ သီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။