မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင် များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က မြစ်ကြီးနားမြို့ရှိ မိုးကုတ်ဓမ္မရိပ်သာ ကျောင်းဝန်းအတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၅၃ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၅ ပါးတို့ကို ခွဲစိတ်ကုသမှုရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး မိုးကုတ်ဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များအားလှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့်  တာဝန်ရှိသူ များက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။