ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် -၂၇ ရက်

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟ သူရထွန်းတင် ခန်းမ၌ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ် မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းတို့အား ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်

အဆိုပါ ဘောလီဘောပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းဖြင့်  ဇူလိုင်လ ၁၈ ရက်မှ ယနေ့ အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။