ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ မိသားစု ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ ကျင်းပ

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ မိသားစု ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၈

     ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊မိသားစုဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ ပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့လှည်းဘီးကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာသန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှည်းဘီးကျောင်းတိုက်  ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့် တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

   ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များ အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြိတ်မြို့၊ ကန်သာ ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ထံမှ အနုမောဒနာတရားနာယူကာ သံဃာတော် များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။