မွန်ပြည်နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့် ပွဲ ကျင်းပ

မွန်ပြည်နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့် ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၈

     ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော မွန်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံး ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

      ဦးစွာ မော်လမြိုင်မြို့၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ ဘက်စုံပညာကိုရည် ဒို့လမ်းချီ” တေးသီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြား ပြီး မွန်ပြည်နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

     ယင်းနောက် မွန်ပြည်နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်  ကျောင်းသား/ကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ် များအား ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်ရာ  မြန်မာတစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲ၌ အမှတ် အများဆုံး (၁၁)ဦးတွင် ပထမဆုနှင့် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံး (၁၀)ဦးတွင် ပဉ္စမဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ (၆)ဘာသာဂုဏ်ထူး (၂၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူး(၄၁)ဦး၊ (၄)ဘာသာဂုဏ်ထူး(၈၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူး (၁၇၅) ဦး၊ သိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ(၃)ဦး၊ ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံး (၃)ဦး၊ ဝိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံး(၄)ဦး၊(၆)ဘာသာဂုဏ်ထူး ရရှိအောင် သင်ကြားပေးခဲ့သည့် ကျောင်း(၆)ကျောင်းမှ ဘာသာရပ်သင် ဆရာ/ဆရာမ များ၊ မွန်ပြည်နယ်၌ အောင်ချက်(၇၂ ဒဿမ ၃၃)ရာခိုင်နှုန်းနှင့်အထက်ရရှိသော အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ မွန်ပြည်နယ် ၌ အောင်ချက် အကောင်းဆုံးမြို့နယ်(၃)မြို့နယ်မှ မြို့နယ်ပညာရေးမှူးများ၊ မြန်မာ တစ်နိုင်ငံလုံးအောင်ချက် ပဉ္စမဆုရရှိသော မွန်ပြည်နယ် ပညာရေးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး၊ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်စေရေး ပိုင်းဝန်းကူညီဆောင်ရွက်ပေးသော မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ် တို့အား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီး ချီးမြှင့်ပေးအပ်ကြ သည်။  

       ဆက်လက်၍ မွန်ပြည်နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်း ဆုံး ကျောင်းများ၊ မြို့နယ်များ၊ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအတွက် အလှူငွေများ လှူဒါန်းပေးကြသည့် အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြသည်။  

       ယင်းနောက် ဆုရကျောင်းသား/ကျောင်းသူများ ကိုယ်စား ဆုရရှိသူ ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူ များ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြောင်း သတင်းရရှိသည်။