အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၈

   အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင်တိုင်းစစ်ဌာနချုပ် အောင်ဇေယျ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ခိုလမ် တပ်နယ်(ခ)အသင်းနှင့် ကွန်ဟိန်းတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

  ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်း လိုက်ဆုရရှိသူများ၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသည့် ခိုလမ်တပ်နယ်(ခ)အသင်းတို့အား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

      အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၉)သင်းဖြင့် ဇူလိုင် ၂၁ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။