အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲ ကျင်းပ

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏  တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၈

        အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

   ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အသင်းလိုက်ဆုရရှိသူများ၊ တစ်ဦးချင်းဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော နယ်မြေခံထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းအသင်းတို့အား ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် ဒိုင်းဆုတို့ အား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

      အဆိုပါ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇူလိုင် ၂၁ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။