ကွတ်ခိုင်မြို့ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကွတ်ခိုင်မြို့ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၈

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအား ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့မှ ပါရဂူများ ပါဝင်သော ဆေးအဖွဲ့သည်  ပြည်သူ့ ဆေးရုံမှကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကွတ်ခိုင်မြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း  ရုံး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၂၈ ဦး၊ မိသားစုဝင် ၂၂ ဦးတို့အား မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ECG စက်၊ အက်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

        ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကွတ်ခိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။