ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ Gold Luck Co, Ltd Myanmar မှ တည်ဆောက်ပြီးစီးသော 120KW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စနစ် ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ Gold Luck Co, Ltd Myanmar မှ တည်ဆောက်ပြီးစီးသော 120KW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စနစ် ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၈

    ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ Gold Luck Co, Ltd Myanmar မှ တည်ဆောက်ပြီးစီးသော120KW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စနစ် ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းတွင် Lashio Water Boom ရေကစားဥယျဉ်၌ ကျင်းပ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား/ ကျောင်းသူ များက ပန်းပွားအက၊ ဘင်ခရာတီးဝိုင်းတို့ဖြင့် သရုပ်ပြဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက 120KW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးသည့် စက်ရုံအား လှည့်လည်ကြည်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

    ယင်းနောက် တိုင်းမှူး နှင့် တာဝန်ရှိသူများ က ရှင်းလင်းဆောင်၌ 120KW နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ဖွင့်ပွဲအတွက် အထိမ်းအမှတ် အမှာစကား ပြောကြားကြပြီး Gold Luck Co, Ltd Myanmar မှ အင်ဂျင်နီယာတစ်ဦးက 120KWနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ပေးစနစ် တည်ဆောက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

    ထို့နောက် Gold Luck Co, Ltd Myanmar ဥက္ကဋ္ဌ ဦးရဲနိုင် က ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အနေဖြင့် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံ တပ်မတော် ဆေးရုံများတွင် အသုံးပြုနိုင်ရန်အတွက် အောက်စီဂျင် Concentratorစက် (၁၀၀)လုံး အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြပြီး တက်ရောက် လာကြသူများအား ယဉ်ကျေးမှု အဖွဲများက တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။

        အဆိုပါ Gold Luck Co, Ltd Myanmar မှ တည်ဆောက်ပြီးခဲ့သည့် 120KW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသည် ဆိုလာ 550W (၃၁၅) ချပ်၊ အင်ဗာတာ 120KWနှင့် တတ္ထရီ 150KWh တို့အား တပ်ဆင်အသုံးပြုထားကာ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား 120KW ထွက်ရှိမည်ဖြစ်ကြောင်းနှင့် စက်ရုံ တည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း (၃၇၈၀)ကျပ် ဖြစ်ကြောင်း သတင်း ရရှိသည်။