ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘက်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘက်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်- ၂၈

    ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ဘက်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ခန်းမ၌ပြုလုပ်ရာ  ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

    ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲ ဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ရေတပ် လေ့ကျင့်ရေးဌာနချုပ် အသင်းအား ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကိုယ်စား ဌာနချုပ်မှူး နှင့်တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဆုများ အသီးသီး ပေးအပ်ကြသည်။

    အဆိုပါ ဘတ်စကတ်ဘောပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှု အောက် ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့် ဇူလိုင် (၂၁) ရက်မှ ယနေ့အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။