ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၉

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လွယ်ဝိန်း ကျောင်းတိုက်၌ သံဃာတော် ၁၃၅ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၆ ပါးနှင့် ဒေသခံပြည်သူ ၆၀ ဦးတို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဓမ္မရက္ခိတသီလရှင် စာသင်တိုက်၌ သာသနာနွယ်ဝင်သီလရှင် ၈၂ ပါးတို့ကို လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုရှိ ကုလားကြီးကုန်းကျောင်းတိုက်၌ သံဃာတော် ၁၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၃ ပါး နှင့် ဒေသခံပြည်သူ ၁၄၂ ဦးတို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်၊ ကက္ကူကြီးကျေးရွာရှိ ရာဇသေန ဆုတောင်းပြည့်ကျောင်းတိုက်၌ သံဃာတော် ၂ ပါး၊ဒေသခံပြည်သူ ၂၈၂ ဦးတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မဟာဓမ္မိ ကာရာမရွှေကျင်တိုက်မကြီးကျောင်း ၌ သံဃာတော် ၁၁၅ ပါးနှင့် ဒေသခံပြည်သူ ၅၀ ဦးတို့ကိုလည်းကောင်း ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ပြည်သူ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုး အကြောရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သားဖွားမီးယပ်ဆိုင်ရာရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လိုအပ် သည့် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများကို ဆေးကုသရေးအဖွဲ့၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။