အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံသင်တန်းကျောင်း၌ တည်ထားကိုးကွယ် လျက်ရှိသော ရတနာမာန်အောင်ဆုတောင်းပြည့် မင်္ဂလာစုမ့်မိုင်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်များ တင်လှူခြင်း၊ ဌာပနာတော်သွင်းခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ြခင်း ကျင်းပပြုလ

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံသင်တန်းကျောင်း၌ တည်ထားကိုးကွယ် လျက်ရှိသော ရတနာမာန်အောင်ဆုတောင်းပြည့် မင်္ဂလာစုမ့်မိုင်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်များ တင်လှူခြင်း၊ ဌာပနာတော်သွင်းခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ြခင်း ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၉

          အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံသင်တန်းကျောင်း၌ တည်ထား ကိုးကွယ်လျက်ရှိသော ရတနာမာန်အောင်ဆုတောင်းပြည့် မင်္ဂလာ စုမ့်မိုင်းစေတီတော် မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်များ တင်လှူခြင်း၊ ဌာပနာတော်သွင်းခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ြခင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ စွန်းလွန်းဂူကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စွန်းလွန်းဂူကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော် များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့် တော်မူပြီး ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲများကို စေတီတော်ရင်ပြင်တွင် ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူတို့က သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များထံမှ အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်နှင့် ဌာပနာတော် ပစ္စည်းများကို စေတီတော်အား လက်ယာရစ်သုံးပက် လှည့်လည်ပူဇော်၍ ရထားပျံဖြင့် ထီးတော်ဘုံအဆင့်များ၊ ငှက်မြက်နားတော်နှင့် စိန်ဖူးတော်၊ အရံစေတီ ၄ ဆူအား ရွှေထီးတော်တင်လှူပူဇော်ပြီး ဌာပနာတော်များ ထည့်သွင်းပူဇော်ကြသည်။ ထို့နောက် သံဃာတော်များမှ ရတနာမာန်အောင် ဆုတောင်းပြည့် မင်္ဂလာစုမ့်မိုင်း စေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ခြင်း၊ အောင်မြေ ထည့်သွင်းခြင်း ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် သံဃာတော်များက ရတနာ မာန်အောင် ဆုတောင်းပြည့် မင်္ဂလာစုမ့်မိုင်း စေတီတော်မြတ်ကြီး ကုန်းတော်ပေါ်တွင် အောင်သပြေပင်များ စိုက်ပျိုးပေးပြီး အလှူရှင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်ခဲ့ကြောင်း သတင်းရရှိသည်။