ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၉

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တိုင်းစစ်ဌာနချုပ် ဘောလုံးအားကစားကွင်း (မင်္ဂလာဒုံ)၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်လူကြီးများနှင့် အားကစားအသင်းများ တက်ရောက်ကြသည်။          ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဗိုလ်လုပွဲစဉ်ဖြစ်သည့် အင်းတိုင်တပ် နယ်ကိုယ်စားပြု(က)အသင်းနှင့် (ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအား ပေးသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိကြသူများ၊  တစ်ဦးချင်းဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော အင်းတိုင်တပ်နယ် ကိုယ်စားပြု(ခ)အသင်းအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်ဆုနှင့် ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။