လာမည့်ဘောလုံးရာသီမှ စတင်ပြီး ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အောင်ပွဲခံမှု စည်းမျဉ်းကို ပြောင်းလဲကျင့်သုံးမည်
ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က လာမည့် ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အောင်ပွဲခံမှု စည်းမျဉ်းကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိဘောလုံးလောကတွင် ပွဲကစားချိန်ကို မိနစ် ၉၀ သတ်မှတ်ပြီး ကစားနေခြင်းဖြစ်သော်လည်း ဂိုးသွင်းယူပြီး အောင်ပွဲခံသည့် အချိန်များတွင် ပွဲကစားချိန်များ လစ်ဟင်းမှု များစွာရှိနေသည့်အတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ပွဲကစားချိန်များ လစ်ဟင်းမှုမရှိစေရန် အောင်ပွဲခံသည့် စည်းမျဉ်းများကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားသည့် အာဆင်နယ်အသင်းနှင့် နယူးကာဆယ်အသင်းတို့ ပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၉၀ သတ်မှတ်ထားသော်လည်း ဂိုးသွင်းယူအပြီး ကစားသမားများ အောင်ပွဲခံမှု အပါအဝင် တခြား လေလွင့်ချိန်များကို နုတ်လိုက်ပါက ပွဲကစားချိန် ၅၁ မိနစ်သာ ရှိကြောင်း စစ်တမ်းများ ပေါ်ထွက်လာပြီး နောက် ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က ကစား သမားများ အောင်ပွဲခံမှု စည်းမျဉ်းကို ပြောင်းလဲကျင့်သုံး မည်ဖြစ်သည်။
အောင်ပွဲခံမှုပြောင်းလဲသည့် စည်းမျဉ်းအရ ကစားသမားများ အနေဖြင့် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေသည့်အချိန်ကို ဒိုင်လူကြီးများက မှတ်သားထားပြီး အချိန်ပိုတွင် ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။