ထိုင်းဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကစားသမား ၁၈ ဦးရွေးချယ်

ထိုင်းဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကစားသမား ၁၈  ဦးရွေးချယ်

    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပမည့်    Continental Futsal Championship 2023 ပြိုင်ပွဲကို ကစားသမား ၁၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် ဇွန်  ၁၇ ရက်မှစတင်ပြီး  ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်ကာ  လက်ရှိတွင်  အပြီးသတ်ကစား သမား ၁၈ ဦး ရွေးချယ်ခဲ့သည်။

Continental Futsal Championship 2023ပြိုင်ပွဲ၏ အုပ်စုအဆင့် ပွဲစဉ်များကို သြဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် သြဂုတ် ၇ ရက် မြန်မာစံတော်ချိန်ည ၇ နာရီတွင် ထိုင်းအသင်း၊ သြဂုတ် ၈ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဆော်လမွန်ကျွန်းစု အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်  ဖူဆယ်အသင်း  အပြီးသတ်ရွေးချယ်ထားသော   ကစားသမား၁၈  ဦး စာရင်းတွင်  ဂိုး-ကျော်ထက်အောင်၊  ဇွဲပြည့်စုံ၊  ညီညီသန့်တို့ ပါဝင်ပြီး ကစားသမားများတွင် မျိုးမြင့်စိုး၊ မင်းခန့်၊ ရှိုင်းထက်အောင်၊  လပိုင်ဇော်လွန်း၊  ေ၀ ဇင်ဦး၊ ညိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊  မျိုးသက် အောင်၊  ကိုကိုလွင်၊  နိုင်လင်းထွန်းကျော်၊ အောင်ဇင်ဦး၊ လှိုင်မင်းထွန်း၊ ကိုရဇ္ဇ၊ သက်နောင်နှင့် ဇော်ဖြိုးဦး တို့ပါဝင်ကြောင်း သိရသည်။