31st Junior Golf Myanmar Tournament ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

31st Junior Golf Myanmar Tournament  ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်   ဇူလိုင်  ၃၀

    မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ်နှင့်  Junior  Golf Myanmar  တို့မှစီစဉ်သော  31st Junior Golf Myanmar Tournament လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကို   ရန်ကုန်မြို့ရှိ  ရန်ကုန် ဂေါက်ကွင်း(တညင်းကုန်း)၌  ယနေ့တွင် ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲများအပြီး   ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး    ဦးအောင်မြင့်ဦးက နှုတ်ခွန်းဆက်  အမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ဆက်လက် ကျင်းပသည်။

ထို့နောက် Junior Golf Myanmar  အဖွဲ့ဝင် ဦးဇော်ဘိုဘိုဦးက အသက် ၁၂ နှစ်အောက် သက်တမ်းတွင်  စုစုပေါင်းရိုက်ချက် ၁၆၇ ချက်ဖြင့် တတိယဆု ရရှိသော Choi Hwanအား လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၆၃ ချက်ဖြင့် ဒုတိယဆုရရှိသော ရဲမင်းသန့်အား လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၅၉ ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင်အား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး   ရန်ကုန်ဂေါက်ကွင်း အထွေထွေမန်နေဂျာ ဦးသိန်းဇော်ဝေက အမျိုးသမီးသက်တမ်းတွင်  စုစုပေါင်း ရိုက်ချက် ၁၇၁ ချက်ဖြင့် တတိယဆု ရရှိသော ချိုသာအောင်အား လည်းကောင်း၊  စုစုပေါင်းရိုက်ချက် ၁၆၄ ချက်ဖြင့် ဒုတိယဆုရရှိသော စုလဲ့အောင်အား လည်းကောင်း၊  စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ပထမဆုရရှိသော မိုးပြည့်စုံခင်တို့အား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။

အစီအစဉ်အရ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်က အသက် ၁၄ နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၉ ချက်ဖြင့် တတိယဆုရရှိသော ကောင်းဆက်ဝန်း အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၉     ချက်ဖြင့်    ဒုတိယဆုရရှိသော ကောင်းထက်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၄၈ ချက်ဖြင့် ပထမဆုရရှိသော ဝေယံလင်းတို့အား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်  တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်ဦးက အသက် ၁၈ နှစ်အောက် သက်တမ်းတွင် စုစုပေါင်း ရိုက်ချက် ၁၅၉ ချက်ဖြင့် တတိယဆုရရှိသော အောင်ဗိုလ်ကောင်းသန့်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၅ ချက်ဖြင့် ဒုတိယ ဆုရရှိသော ရဲဝင်းအောင်အား လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၄၈ ချက်ဖြင့် ပထမ ဆုရရှိသော ဟိန်းနိုင်ဇင်တို့အား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပသော Singapore Open Amateur Championship 2023 ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့  ကျင်းနံပါတ်(၈)တွင် Hole In One ဆုဆွတ်ခူးရရှိခဲ့သော ထွန်းသူရိန်အား Junior Golf Myanmar အဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်းက ဆုချီးမြှင့်ခဲ့သည်။

31st Junior Golf Myanmar Tour-nament ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန် ဂေါက်ကွင်း(တညင်းကုန်း)တွင် ဇူလိုင် ၂၉ ရက်မှ  ၃၀ ရက်အထိ  ကျင်းပခဲ့ကြောင်း သိရသည်။