မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂

          မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းနှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ဗလာမပါ ကံစမ်းမဲ ဖောက်ပေးခြင်း၊ အိမ်ထောင်သည်လိုင်း စိုက်ပျိုး/မွေးမြူရေးနှင့် သန့်ရှင်းရေး အကောင်းဆုံး ဆုရရှိသူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။