ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၅၉ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်
(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)
တာဝန်မှအနားယူခွင့်ပြုခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ပါ ပုဂ္ဂိုလ်များအား ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်သည်-
(၁) ဦးကိုကို ပြည်ထောင်စုဝန်ကြီး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
(၂) ဦးသောင်းဟန် ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၃) ဦးတင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်
(၄) ဒေါက်တာ ဌေးအောင် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်
(၅) ဦးလှမြင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး