COVID-19 ရောဂါကုသရေးအတွက် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၀
    
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး သွားရောက်ပေးအပ်လှူဒါန်းသည်။
    
ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလွတ် ၅ လုံးကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။