တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂

          တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ၊ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး၊ တရားဘာဝနာများ အားထုတ်နိုင်ရေးနှင့် မြို့/ရွာများ သန့်ရှင်းသာယာ လှပရေးတို့ အတွက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစု ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့‌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်(၃) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၇) မြို့နယ်တို့၌ လည်းကောင်း၊ ဘုရားစေတီပုထိုးဝန်းကျင်နှင့် ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း/အပြင်တို့၌ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်းနှင့် ဘုရားရင်ပြင်တော်များအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အပြင် တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် များအား ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။