ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကစားသမား ခေါ်ယူမှုအဖြစ် မန်ယူအသင်းက ပေါ့ဂ်ဘာကို ခေါ်ယူခဲ့သည့် အပြောင်းအရွှေ့ သတ်မှတ်ခံရ

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကစားသမား ခေါ်ယူမှုအဖြစ် မန်ယူအသင်းက ပေါ့ဂ်ဘာကို ခေါ်ယူခဲ့သည့် အပြောင်းအရွှေ့ သတ်မှတ်ခံရ

    ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  အဆိုးရွားဆုံးသော ကစားသမားခေါ်ယူမှုကို  Sky Bet က ပရိသတ်များထံမှ  စစ်တမ်းကောက်ယူ ဖော်ပြရာတွင်  ၂၀၁၆ ခုနှစ်က မန်ယူအသင်းက ဂျူဗင်တပ်စ်အသင်းမှ ပေါ့ဂ်ဘာကို ခေါ်ယူခဲ့သည့် အပြောင်းအရွှေ့ သတ်မှတ်ခံရကြောင်း သိရသည်။

မန်ယူအသင်းသည် ၂၀၁၆ ခုနှစ်က ကစားသမားဟောင်း ပေါ့ဂ်ဘာကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၉ သန်းဖြင့် ခေါ်ယူခဲ့ပြီး ထိုစဉ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်ခဲ့သော်လည်း ပေါ့ဂ်ဘာ အနေဖြင့် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့်ခြေစွမ်း ပြသနိုင်ခြင်းမရှိဘဲမန်ယူအသင်း ပရိသတ်များ၏ ဝေဖန်မှုများနှင့်ပင်ရင်ဆိုင်ခဲ့ရပြီး ၂၀၂၂  ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ပရိသတ်များထံမှ ဆန္ဒမဲကောက်ယူရာတွင် မန်ယူအသင်းက ပေါ့ဂ်ဘာကို ခေါ်ယူသည့် အပြောင်းအရွှေ့ မှာ ၂၂ ရာခိုင်နှုန်းအထိ မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုးရွားဆုံးသော အပြောင်းအရွှေ့အဖြစ် သတ်မှတ် ခံရခြင်းဖြစ်သည်။

ထို့နောက်   ချယ်လ်ဆီးအသင်းက  အင်တာမီလန် အသင်းမှ လူကာကူကို ခေါ်ယူခဲ့သည့် အပြောင်းအရွှေ့မှာ ၁၉ ရာခိုင်နှုန်းဖြင့် ဒုတိယအဆိုးရွားဆုံး အပြောင်းအရွှေ့အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။