သုံးခွမြို့နယ်ရှိ ထုံးကြီးကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက် ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

သုံးခွမြို့နယ်ရှိ ထုံးကြီးကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက် ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် -

      ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ ထုံးကြီးကျေးရွာအုပ်စု၌ ဩဂုတ် ၂ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၅ လုံး အမိုးလန် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

     အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် သန်လျင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ပြိုကျပျက်စီးမှုများအား ကူညီရှင်းလင်းပေးခြင်း၊ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

     ယင်းသို့ ဆောင်ရွက်နေမှုများကို သန်လျင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။