ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် ထောက်ပံ့ရေးနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

နေပြည်တော်၊ ၂၀၂၃  ဩဂုတ်-

    ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မြစ်ကြီးနား)သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ် (၅၀၀၀) အိတ်၊ ရေစုပ်စက် (၂၀၀) လုံး၊ မီးစက် (၃၉၉) လုံး၊ မိုးကာတဲ (၂၀၀) လုံး၊ ခေါက်ဆွဲခြောက် (၃၉၇၉) ဖာ၊ ရေဆူ ပိုးသတ်ဆေးပြား (၅၀၀) ပုံး၊ ကလိုရင်းဒိုင်အောက်ဆိုဒ် (၁၉၉၉) ဘူး၊ ခရီးဆောင် ဆို လာ မီးအိမ် (၁၂၅) ဖာ၊ ခြင်ထောင်(၄၀၀)ဖာ၊ စောင်(၂၅၀)ဖာ၊  ကျန်းမာရေးဝန်ကြီး ဌာနမှ ဆေးပစ္စည်းမျိုးစုံနှင့် အာဟာရမှုန့်များ(၁၆၁၆)ဖာ၊ ကျန်းမာရေးအသိပညာပေး စာအုပ် (၁၈) ဖာ၊ ပီနံ(၂)အိတ် စုစုပေါင်း ကုန်တန်ချိန် ၄၅၃.၂ တန်ခန့်အား ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း တံတား၌ တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွား သည်။

    အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။