နေပြည်တော်၊ နိုဝင်ဘာ - ၁၀
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ COVID-19 ရောဂါ ကာကွယ်ရေး ဆေးပစ္စည်း များနှင့် အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)သို့ လာရောက်လှူဒါန်းသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Mr. Wang Wei ကလှူဒါန်းရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် N-95 Mask၊ လက်အိတ်၊ ခေါင်းစွပ်နှင့် Aprons ၆၀၀၀၀ စုံ၊ Nucleic Acid Extraction Kit ၄၀၀၀ ခုနှင့် Viral Transport Media ၄၀၀၀ ခုတို့ကိုပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။