နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၄

          နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ အားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

          အဆိုပါ တိုင်းမှူးဖလားဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဩဂုတ်လ ၁၈ ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။