ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၄

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင် ခန်းမ၌ပြုလုပ်ရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူးနှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက အမှာစကား ပြောကြားသည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တံခွန်စိုက်ဒိုင်းဆုရရှိသည့် ဧရာဝတီရေတပ်စခန်းဌာနချုပ်အသင်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးကလည်းကောင်း ပြိုင်ပွဲအမျိုးအစားလိုက် ဆုရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ် (ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း (၁၂) သင်းဖြင့် ဩဂုတ်လ ၂ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။