Emirates လေကြောင်းလိုင်းက အာဆင်နယ်အသင်း ဂျာစီရင်ဘတ် စပွန်ဆာအဖြစ် ၂၀၂ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို
ကာတာနိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်းလေကြောင်း လိုင်းဖြစ်သည့် Emiratesလေကြောင်းလိုင်းက အာဆင်နယ်အသင်း ဂျာစီရင်ဘတ် စပွန်ဆာအဖြစ် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
Emirates လေကြောင်းလိုင်းနှင့် အာဆင်နယ် အသင်းတို့သည် ၂၀၀၆ ခုနှစ်ကတည်းက ဂျာစီရင်ဘတ် စပွန်ဆာအဖြစ် လက်တွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဂျာစီရင်ဘတ်စပွန်ဆာ စာချုပ်သက်တမ်းမှာတစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။
အာဆင်နယ်အသင်းက Emirates လေကြောင်းလိုင်းနှင့် ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း၊ ယခုကဲ့သို့ အသင်း ကို ပံ့ပိုးမှုများပြုလုပ်ပေးသည့် အတွက် ကျေးဇူးတင်ကြောင်းနှင့် ယခုကဲ့သို့ ကာလရှည်လက်တွဲခွင့် ရရှိသည့်အတွက်လည်း ဂုဏ်ယူမိကြောင်း ထုတ်ပြန်ခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀၂၈ ခုနှစ်အထိ ဂျာစီ ရင်ဘတ်စပွန်ဆာ စာချုပ်တန်ကြေးအဖြစ် Emirates လေကြောင်းလိုင်းထံမှ တစ်နှစ်လျှင် စတာလင်ပေါင် သန်း ၅၀ ရရှိမည်ဖြစ်ပြီး Emirate လေကြောင်းလိုင်းသည် အာဆင်နယ်အသင်းအပြင် အေစီမီလန်၊ လိုင်ယွန်၊ ရီးယဲလ်မက်ဒရစ် စသည့် အသင်းများကိုလည်း ဂျာစီရင်ဘတ်စပွန်ဆာ ပေးထားကြောင်း သိရသည်။