လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်က ပြောင်းရွှေ့ကြေး အသုံးစရိတ်အများဆုံး အသုံးပြုထား

လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်က ပြောင်းရွှေ့ကြေး အသုံးစရိတ်အများဆုံး အသုံးပြုထား

လက်ရှိ   ကစားသမား အပြောင်းအရွှေ့ကာလတွင်   ကမ္ဘာတစ်ဝန်းရှိလိဂ်များမှ   ပရီးမီးယားလိဂ်က ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံးအသုံးပြုထားပြီး  ထိပ်ဆုံး၌  ရပ်တည်နေကြောင်း   သိရသည်။

လက်ရှိ  အပြောင်းအရွှေ့ကာလတွင်  ဆော်ဒီပရိုလိဂ်အသင်းများက  ဥရောပမှ ထိပ်တန်းကစားသမားများစွာကို ခေါ်ယူထားသော်လည်း ပြောင်းရွှေ့ကြေး အနည်းငယ်သာပေးရပြီး   လုပ်ခလစာအများ အပြားပေးချေထားသောကြောင့်   ပြောင်းရွှေ့ကြေး အသုံးစရိတ်အများဆုံး လိဂ်စာရင်းတွင်    အဆင့်(၅) နေရာ၌သာ ရပ်တည်လျက်ရှိသည်။

လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများက   ထိပ်တန်း ကစားသမားများကို ခေါ်ယူပြီး   ပြောင်းရွှေ့ကြေး အသုံးစရိတ်  ယူရို ၁ ဒသမ ၃၇  ဘီလီယံအထိ အသုံးပြုထားကာ  ပြောင်းရွှေ့ကြေး   အသုံးစရိတ် အများဆုံး အသုံးပြုသည့်လိဂ်အဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။

ပြောင်းရွှေ့ကြေးအသုံးစရိတ်  အများဆုံး အသုံးပြု ထားသည့် စာရင်းတွင်  စီးရီးအေက  ယူရို  သန်း ၅၅၀ ဖြင့် ဒုတိယ၊ ပြင်သစ်လီဂူးဝမ်းက ယူရို ၄၅၇ သန်းဖြင့် တတိယ၊ ဘွန်ဒက်စ်လီဂါက ယူရို သန်း ၄၅၀ ဖြင့် စတုတ္ထနှင့် ဆော်ဒီပရိုလိဂ်က ယူရို ၃၆၃ သန်းဖြင့် ပဉ္စမနေရာ၌ရပ်တည်နေပြီး   စပိန်လာလီဂါအနေဖြင့် ယူရို သန်း ၂၅၀ ဖြင့်  အဆင့်(၆) နေရာ၌   အသီးသီး ရပ်တည်လျက်ရှိကြောင်း   သိရသည်။