ဘိုင်ယန်မြူးနစ်အသင်းက နောက်ဆုံးအကြိမ်အဖြစ် စပါးအသင်း တိုက်စစ်မှူးဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော်ဖြင့်ကမ်းလှမ်း

ဘိုင်ယန်မြူးနစ်အသင်းက နောက်ဆုံးအကြိမ်အဖြစ် စပါးအသင်း တိုက်စစ်မှူးဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော်ဖြင့်ကမ်းလှမ်း

ဘိုင်ယန်မြူးနစ်အသင်းက    ခေါ်ယူရန်စီစဉ်နေသည့်    စပါးအသင်းတိုက်စစ်မှူး  ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော်ဖြင့် နောက်ဆုံးအကြိမ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်   အသင်းတိုက်စစ်ပိုင်း အတွက် မာနေးကို အယ်နာဆာအသင်းထံ ရောင်းချပြီးနောက်  ဟယ်ရီကိန်းကိုခေါ်ယူရန် ပြင်ဆင်နေပြီး အစောပိုင်းကတည်းက  ကမ်းလှမ်းမှုသုံးကြိမ်ပြုလုပ်ထားသော်လည်း  စပါးအသင်းက  ပယ်ချခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်း ကိုယ်တိုင်ကလည်း စပါးအသင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာကစားခဲ့ပြီး   တစ်ဦးချင်း ဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သော်လည်း    အသင်းနှင့် ဆုဖလားရယူနိုင်ခြင်းမရှိသည့်အတွက် လက်ရှိကစား သမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာ လိုခြင်းဖြစ်ပြီး  ဘိုင်ယန်မြူးနစ်အသင်းသို့  ပြောင်း ရွှေ့ကစားရန်  အစောပိုင်းကတည်းက  ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားပြီးဖြစ်သည်။

စပါးအသင်းအနေဖြင့် ဟယ်ရီကိန်းကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုသော်လည်း    ဟယ်ရီကိန်းက ငြင်းပယ် ထားသည့်အတွက်  လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်၍ မဖြစ်မနေရောင်းချဖွယ် ရှိကြောင်း သိရသည်။       

Ref;ESPN