ဂျပန်နိုင်ငံ၌ ကျင်းပမည့့် U-12 Junior Soccer World Challenge 2023ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ-၁၂ ဘောလုံးအသင်း သွားရောက်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံ၌ ကျင်းပမည့့် U-12 Junior Soccer World Challenge 2023ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ-၁၂ ဘောလုံးအသင်း သွားရောက်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံ ချီဘားမြို့၌  သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ၁၁ ကြိမ်မြောက့်- U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ- ၁၂ ဘောလုံးအသင်း သွား ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း     သိရသည်။ မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စု (C) ၌ ဘာစီလိုနာ ယူ-၁၂ အသင်း၊ Daiwa House Dream ယူ-၁၂ အသင်း၊ JEF United Chiba  ယူ-၁၂  အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည့်- U-12  Junior  Soccer  World Challenge  2023 ပြိုင်ပွဲယှဉ်ပြိုင်ရန် ဇူလိုင် ၂၆ ရက်တွင် ပဏာမကစားသမား ၄၀ ဦးမှ ဆန်ခါတင်ကစားသမား ၂၅ ဦးကို ရွေးချယ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း လက်ရွေးစင်များအဆောင်တွင် စခန်း သွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

သြဂုတ်ဒုတိယပတ်တွင် အဆိုပါဆန်ခါ တင်ကစားသမား ၂၅ ဦးထဲမှ အကောင်း ဆုံးကစားသမား  ၁၈  ဦးကို  အပြီးသတ် ရွေးချယ်ကာ ဂျပန်နိုင်ငံ ချီဘားမြို့၌ ကျင်းပမည့့်- U-12  Junior  Soccer  World Challenge  2023 ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ကျော်ဇံက ကိုင်တွယ်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။      

ချမ်းမြေ့