မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ်- ၆

            ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့၌ ဩဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါနေရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ဩဂုတ် ၅ ရက်နှင့် ယနေ့တို့တွင်  ရေဘေးသင့်ပြည်သူများအား ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည့် မြဝတီမြို့၊ ကိုးနဝင်းဘုန်း တော်ကြီးကျောင်း၊ ကြခတ်တောဘုန်းတော်ကြီးကျောင်း၊ စနေဆွမ်းလောင်းဓမ္မာရုံ၊ ဓိဌာန်အောင်ဓမ္မာရုံနှင့် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ၊ ကမော့ကချူး Cyclone Shelter နှင့် မြို့မဂျာမေဗလီတို့သို့ ရွှေ့ပြောင်းကူညီပေးပြီး လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သင်္ကန်းညီနောင်တပ်နယ်နှင့် လှိုင်းဘွဲ တပ်နယ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး  ထမင်းဘူး များနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။