ပုသိမ်မြို့၌ ပွဲကြည့်စင်ပါ မိုးလုံလေလုံ အဆင့်မီရေကူးအားကစားရုံ အဆောက် အဦတည်ဆောက်ရေးလုပ်ငန်း ပန္နက်တင်မင်္ဂလာပြုလုပ်

ပုသိမ်မြို့၌ ပွဲကြည့်စင်ပါ မိုးလုံလေလုံ အဆင့်မီရေကူးအားကစားရုံ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်း ပန္နက်တင်မင်္ဂလာပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ်- ၆

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပွဲကြည့်စင်ပါ မိုးလုံလေလုံ အဆင့်မီ ရေကူးအားကစားရုံ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်း ပန္နက်တင် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ ကန်သုံးဆင့်၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သတ်မှတ် နေရာအသီးသီး၌ ပန္နက်တိုင်များ စိုက်ထူပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ကြသည်။ ထို့နောက် အဆင့်မီရေကူးအားကစားရုံ အဆောက်အဦ တည်ဆောက်ရေး အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။