လက်ချောင်းများရောင်ရမ်းရခြင်း၏ အကြောင်းရင်းများ

လက်ချောင်းများရောင်ရမ်းရခြင်း၏ အကြောင်းရင်းများ

လက်ချောင်းတွေရောင်ရမ်းရတာအကြောင်းရင်း များစွာရှိပါတယ်။   ရာသီဥတုအလွန်ပူတာကြောင့် လက်ချောင်းတွေ ရောင်နိုင်ပါတယ်။ ရာသီဥတုပူတဲ့အခါ   သွေးကြောတွေကိုကျယ်စေပြီး    အပူတွေကို အရေပြားကနေတစ်ဆင့်ထုတ်ကာ အေးမြသွားအောင် ခန္ဓာကိုယ်ကလုပ်ဆောင်တာဖြစ်တဲ့အတွက် ရောင်ရမ်း နိုင်တယ်လို့ ချီကာဂိုတက္ကသိုလ် အရိုးအကြောဌာနမှ ပါမောက္ခတစ်ဦးကဆိုထားပါတယ်။

သွေးကြောတွေကျယ်တဲ့အခါ   အရည်တချို့က တစ်သျှူးပျော့ဆီစိမ့်ထွက်ပြီး လက်ချောင်းတွေရောင် ရမ်းနိုင်ပါတယ်။ ရာသီဥတုပူတာကြောင့် လက်ချောင်း တွေ ရောင်ရမ်းတာက ပုံမှန်လှုပ်ရှားမှုတွေလုပ်ဆောင် ရုံနဲ့ ပြန်လည်သက်သာနိုင်တယ်။ ရောင်ရမ်းတာက လက်နဲ့ လက်ချောင်းတွေပဲဖြစ်နေပြီး နာကျင်နေတယ်၊ လက်ကဆုပ်ကိုင်ရတာမမြဲဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ရေးနော့ရောဂါစု(Raynaud's Disease) ကြောင့်လည်းဖြစ်နိုင်ပါတယ်။    ရာသီဥတုအေးတဲ့အချိန်နဲ့ စိတ်ဖိစီးမှုများတဲ့ အချိန်တွေမှာ သွေးလွှတ်ကြောကျဉ်းသွားတာကြောင့် ဖြစ်တယ်။ သွေးကြောကျဉ်းသွားတာကြောင့်  သွေးလည်ပတ်မှုနည်းသွားပြီး  ရောင်ရမ်း မှုနဲ့နာကျင်မှုတွေ ခံစားရတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ လက်ချောင်းတွေက ရောင်ရမ်းမှု မဖြစ်ခင်မှာ ဖျော့တော့တော့ဖြစ်နေတာ သို့မဟုတ် ပြာနှမ်းလာတာမျိုး ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသ သင့်ပါတယ်။

အငန်အစားများတာကြောင့်လည်းဖြစ်နိုင်တယ်။ ဆားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးပြီးတဲ့အခါ တိုင်းမှာ လက်ချောင်းတွေ  ရောင်ရမ်းနေတတ်တယ်။ ခန္ဓာကိုယ်ရဲ့ ဆားဓာတ်နဲ့ ရေဓာတ်ထိန်းညှိမှုကြောင့် ဖြစ်တယ်။ ဆားများများစားလေ ခန္ဓာကိုယ်ထဲရေပြန် ဆွဲထားလေဖြစ်တာကြောင့် ရောင်ရမ်းမှုတွေဖြစ်ရပါ တယ်။

ကိုယ်ဝန်ဆောင်နောက်ဆက်တွဲ ပြဿနာကြောင့် လက်ချောင်းတွေ ရောင်ရမ်းနိုင်တယ်။ ကိုယ်ဝန်ဆောင် မိခင်တချို့မှာ   ရောင်ရမ်းမှုတွေဖြစ်ပေါ်နိုင်တယ်။ လက်နဲ့  မျက်နှာအရေပြားကို  လက်မနဲ့ဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့စမ်းသပ်မှုပြုလုပ်ပြီး ရောင်ရမ်းတာ ဟုတ်၊ မဟုတ် သိရှိနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကိုမသိရှိလို့ မကုသဘဲထားရင် မိခင်ရော ကလေးပါ အန္တရာယ်များပါတယ်။ အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊   ကလေးတစ်ယောက်ထက်ပိုပြီး နှစ်မြွှာပူး၊ သုံးမြွှာပူးကိုယ်ဝန်ဆောင်မိခင် ဖြစ်စေ၊    အဝလွန်တဲ့ ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ   သားဖွားမီးယပ်ပါရဂူနဲ့ စောစောပြသပြီး စောင့်ရှောက်မှု ရယူသင့်ပါတယ်။

အဆစ်ယိုယွင်းချက်ကြောင့်လည်း  ဖြစ်နိုင်တယ်။ လက်ဆစ်တွေက ပုံမှန်ထက်ပိုကြီးနေတာ၊ အရိုးအဆစ် ရောင်ရမ်းရောဂါ ရှိတာတွေကြောင့် နံနက်ခင်းအိပ်ရာ ထချိန်မှာ လက်ချောင်းတွေ ရောင်ရမ်းနေနိုင်ပါတယ်။ အသက်အရွယ်နဲ့ဆက်စပ်တဲ့ အရိုးအဆစ်ရောင်ရမ်း တာကြောင့်နဲ့ အဆစ်ဘေးကတစ်သျှူးတွေ ပျက်စီး တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက်ချောင်းရောင်ရမ်းတာ     မကြာခဏဖြစ်နေတယ်၊ နာကျင်တယ်၊ လက်ဆစ်တွေ အကွေးအဆန့် မကောင်းဘဲ  တောင့်တင်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။

လက်ဖဝါးနူးညံ့လိုရင် အနားပေးရပါမယ်။ လက် ဖဝါးတွေက အမြဲလိုလို အလုပ်တွေ မနားမနေလုပ်နေရတာ၊    ဓာတုပစ္စည်းတွေကိုင်တွယ်အသုံးပြုနေတာ စတာတွေကြောင့် လက်ဖဝါးအရေပြားခြောက်သွေ့ပြီး ဓာတ်မတည့်တာကို ခံစားရစေတယ်။

လက်ချောင်းလေးတွေ   ထုံကျဉ်ရောဂါရှိနေရင် လက်ကောက်ဝတ်အာရုံကြောကြောင့် လက်ချောင်း လေးတွေ ထုံကျဉ်တာခံစားရသူတွေလည်း လက်ချောင်း ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။    လက်ချောင်းတွေ ရောင်ရမ်းမှုက နာကျင်တာ၊ ပူတာ၊ တဆစ်ဆစ်ဖြစ်တာ၊ ထုံတာတွေနဲ့တွဲပြီး ဖြစ်တတ်ပါတယ်။ အဆိုပါဝေဒနာတွေက    တဖြည်းဖြည်းနဲ့     ပိုဆိုးလာတာဖြစ်တယ်။ အမျိုးသားတွေထက်  အမျိုးသမီး တွေမှာ သုံးဆပိုဖြစ် တတ်ပါတယ်။

ပြန်ရည်ကြောစနစ်ပိတ်ခြင်းဖြစ်နိုင်တယ်။ ပြန်ရည် ကြောစနစ်ပိတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပြင်ကို စွန့်ပစ် ပစ္စည်းတွေ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးစတာတွေ ပါဝင်တဲ့   ပြန်ရည်တွေကြောင့်  ရောင်ရမ်းမှုတွေဖြစ် လာပါတယ်။ လက်ချောင်းနဲ့ခြေမတွေအပြင် လက် မောင်းနဲ့ ခြေထောက်လည်း ရောင်ရမ်းနိုင်ပါတယ်။ အရေပြားက   တင်းတင်းကျပ်ကျပ်ဖြစ်ပြီး  ပုံမှန်ထက် ပိုထူနေတတ်ပါတယ်။ လက်ချောင်းလေးတွေ ရောင် ရမ်းတာ၊   မီးဖိုချောင်သုံးပစ္စည်း၊    အသီးအနှံတို့နဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ သကြားအညို နဲ့ သံလွင်ဆီသုံးသင့်တယ်။ သကြားအညိုနဲ့သံလွင်ဆီကို ဆတူရောပြီး လက်ဖဝါးပေါ်တင်ကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပေးသင့်ပါတယ်။ ခဏလောက်ထားပြီးနောက် ရေနဲ့ဆေးချရပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ လက်ဖဝါးတွေ သိသိ သာသာနူးညံ့လာမှာပါ။

သံပရာသီးနဲ့ ခရမ်းချဉ်သီးသုံးနိုင်ပါတယ်။ သံပရာ သီးနဲ့ ခရမ်းချဉ်သီးအရည်တွေမှာ အက်စစ်အပျော့စား တွေပါဝင်ပါတယ်။  ဒီနှစ်ခုကိုပေါင်းပြီး  ကြမ်းနေတဲ့ လက်ဖဝါးပေါ်တင်ကာ ၁၅- ၂၀ မိနစ်ကြာ ပွတ်ပေး သင့်တယ်။  ပြီးနောက်  ရေဆေးလိုက်ရင်  နူးညံ့ပြီး ဖြူစင်သွားစေပါတယ်။

ဆားနဲ့သံပရိုသီးသုံးနိုင်ပါတယ်။ လက်ဖဝါးကြမ်းသူတွေအနေနဲ့ ဆားနဲ့သံပရိုသီးကိုအသုံးပြုပြီး ကြေး ချွတ်နိုင်ပါတယ်။ ဆားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သံပရိုသီးက အရေပြားကို နူးညံ့စေကာ ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးပါတယ်။ သံပရိုသီးကို အရည်ညှစ်ပြီး ဆားအနည်းငယ်နဲ့ရောကာ လက်ဖဝါးပေါ်တင်ပြီး လက်နှစ်ဖက်နဲ့ပွတ်ကာ ကြေးချွတ်ပေးသင့်ပါတယ်။

ဒိန်ချဉ်သုံးနိုင်ပါတယ်။ ဘာနဲ့မှမရောစပ်ထားတဲ့ ဒိန်ချဉ်ကို လက်ဖဝါးပေါ်တင်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ကြာ  ပွတ်ပေးသင့်ပါတယ်။ ပြီးရင် ရေဆေးပေးသင့်ပါတယ်။  ဒီလိုနေ့စဉ်ပြုလုပ်ပေးရင်   လက်ဖဝါးတွေ သိသိသာသာနူးညံ့လာပါလိမ့်မယ်။

အုတ်ဂျုံနဲ့  ပန်းသီးရှလကာရည်သုံးသင့်ပါတယ်။ အုတ်ဂျုံနဲ့  ပန်းသီးရှလကာရည်အနည်းငယ်ကိုရောပြီး လက်ဖဝါးပေါ်တင်ကာ ပွတ်ပေးသင့်ပါတယ်။ အုတ်ဂျုံကိုမချက်ဘဲအသုံးပြုပါက လက်ဖဝါးနူးညံ့စေတယ်။

လက်ဖဝါးကြမ်းတာမဖြစ်အောင် အလုပ်တွေလုပ်တဲ့ အခါဖြစ်စေ၊  ဓာတုပစ္စည်းတွေကိုင်တွယ်ရာမှာဖြစ်စေ လက်အိတ်အသုံးပြုသင့်ပါတယ်။

အရိုးအဆစ်တွေရောင်ရမ်းခြင်း သို့မဟုတ် လေးဖက်နာကြောင့်   အဆစ်တွေရောင်ရမ်းစေတယ်။ လေးဖက်နာကြောင့် အရိုးအဆစ်တွေ နာကျင်ဖောင်း ကားစေနိုင်သလို အရိုးအဆစ်ရောင်တာကြောင့်လည်း အဆစ်တွေ ရောင်ရမ်းနိုင်ပါတယ်။ လေးဖက်နာပိုး ကြောင့် ရောင်ရမ်းရာမှာ အသက်အရွယ်မရွေးဖြစ်နိုင် ပြီး   အရိုးအဆစ်ရောင်တာကတော့   အသက်ကြီးသူ တွေမှာ  ပိုဖြစ်နိုင်ပါတယ်။

ပိုးဝင်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်းဖြစ်နိုင်ပါတယ်။

လက်စွယ်ငုပ်ခြင်းလို     လက်ချောင်းတွေတစ်ဝိုက် ပိုးဝင်ခြင်းကနေတစ်ဆင့်   ပြည်တည်ခြင်းကြောင့် ဖောင်းကားခြင်းဖြစ်ပေါ်နိုင်ပါတယ်။ ဓားရှခြင်း၊ ဒဏ်ရာရခြင်းတို့ကြောင့်လည်း   ဗက်တီးရီးယားပိုးဝင်ခြင်း ဖြစ်ပေါ်ရာကနေ  လက်ချောင်းတွေ  ဖောင်းကားစေ ပါတယ်။   ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ ကြောင့်ဖြစ်နိုင်ပါတယ်။ အလေးမခြင်းနဲ့တခြားကိုယ် ကာယလေ့ကျင့်ခန်းတွေပြုလုပ်တာကြောင့် သွေးကြော ကျယ်ပြန့်လာစေပါတယ်။ အရည်တွေကို ခြေနဲ့လက် တွေဆီ   စီးဆင်းစေတာကြောင့်  ဖောရောင်ခြင်းဖြစ် စေပါတယ်။

တချို့ဆေးဝါးတွေက  ခြေချောင်း၊ လက်ချောင်းတွေကို ရောင်စေပါတယ်။ သွေးပေါင်ကျဆေး၊ ဆီးချိုကျဆေး၊  စတီးရွိုက်နဲ့  သန္ဓေတားဆေးတွေကြောင့်လည်း ဖောရောင်ခြင်းဖြစ်စေပါတယ်။

လက်ကောက်အာရုံကြောညှပ်ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။   လက်ဖျံကနေ    လက်ဖဝါးဆီကို ဆက်သွယ်ထားတဲ့ အာရုံကြောညှပ်ခြင်းကြောင့်လည်း လက်များဖောရောင်နိုင်တယ်။

ကျောက်ကပ်အားနည်းရောဂါ ခံစားရတဲ့အခါ ဆီးစတဲ့အရည်ပိုတွေမစွန့်ထုတ်နိုင်တဲ့အခါ ခန္ဓာကိုယ်မှာ အရည်တွေစုပုံလာတာကြောင့် ဖောရောင်စေတယ်။ ဖောရောင်ခြင်းက     တစ်ကိုယ်လုံးဖြစ်နိုင်ပေမယ့် ခြေထောက်၊ ခြေချင်းဝတ်နဲ့ လက်တွေမှာ ပိုမိုသိသာနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်     နေ့စဉ်နာရီဝက်မှ တစ်နာရီကြာလေ့ကျင့်ခန်း   အပြေး၊  လမ်းလျှောက်၊ စက်ဘီးစီး၊ ရွရွပြေး၊ ရေကူး တစ်ခုခုပြုလုပ်ပေးပါက သွေးနဲ့ ပြန်ရည်ကြောတွေ    လှည့်ပတ်မှုမှန်ကန်ပြီး ကြွက်သားတောင့်တင်းမှုပြေလျော့ခြင်း၊ သွေးဖိအားကျဆင်းခြင်း၊   စိုးရိမ်ပူပန်မှုကင်းဝေးစေပြီး  သက်လုံ

ကောင်းစေခြင်းစတဲ့   အကျိုးကျေးဇူးတွေရရှိစေပြီး လက်ချောင်း   ရောင်ရမ်းခြင်းကင်းကာ  ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်  အိပ်ပျော်စေနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။    ။