ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် -

    တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။

    ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့သည့် ဆေးပစ္စည်းနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် ဆောက်လုပ်ရေးပစ္စည်း ၁.၀၆ တန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွလေဆိပ်သို့ တပ်မတော် (လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

            သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင် ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၅၇၈.၅ တန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅၈၈ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်း ဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါတပ်မတော် လေယာဉ်/ရဟတ်ယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြ ကြောင်း သတင်းရရှိသည်။