မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ပစ် ပြိုင်ပွဲဖွင့်ပွဲကျင်းပ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ပစ် ပြိုင်ပွဲဖွင့်ပွဲကျင်းပ

နေပြည်တော်၊၂၀၂၃ ဩဂုတ် -

    မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ပစ် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစာသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။

    ဦးစွာတိုင်းမှူးက အဖွင့်အမှာစကား ပြေားကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲပထမနေ့ ပွဲစဉ်များဖြစ်သည့် အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)ပြေးပွဲ၊ အလျားခုန်ပြိုင်ပွဲနှင့် လှံတံပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။

    အဆိုပါ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ပစ် ပြိုင်ပွဲအား အမျိုးသား အသင်း ၁၁ သင်း၊ အမျိုးသမီး အသင်း ၁၀ သင်းစီဖြင့် ဩဂုတ် ၁၄ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။