အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် -

      အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ ပြုလုပ် ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

      အဆိုပါ တိုင်းမှူးတံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဩဂုတ် ၁၅ ရက်နေ့အထိ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။