ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် -

    ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်း ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ  ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား ဧရာဝတီရေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းလူနှင့် အရာရှိ၊ စစ်သည်များ ၊ မိသားစု ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

    ဦးစွာ တက်ရောက်လာကြသူများက ဧရာဝတီရေတပ်စခန်း ဌာနချုပ်အသင်းနှင့် တနင်္သာရီရေတပ်စခန်း ဌာနချုပ်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား လိုက်ဆုရရှိသူများနှင့် တံခွန်စိုက်ဖလားဆု ရရှိသော ဧရာဝတီရေတပ်စခန်း ဌာနချုပ် အသင်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုများ အသီးသီးပေး အပ်ချီးမြှင့်ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဖြင့် ဇူလိုင် ၁၄ ရက် မှ ယနေ့ အထိပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။