လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းက တိုက်စစ်ကစားသမား အမ်ဘတ်ပီကို ခေါ်ယူဦးမည်မဟုတ်ဘဲ ဗလာဟိုဗစ်ချ်ကိုသာ ခေါ်ယူရန် စီစဉ်ထား

လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းက တိုက်စစ်ကစားသမား အမ်ဘတ်ပီကို ခေါ်ယူဦးမည်မဟုတ်ဘဲ ဗလာဟိုဗစ်ချ်ကိုသာ ခေါ်ယူရန် စီစဉ်ထား

    ရီးယဲလ်မက်ဒရစ်အသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်     ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား အမ်ဘတ်ပီကို ခေါ်ယူဦးမည် မဟုတ်ဘဲ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား ဗလာဟိုဗစ်ချ်ကိုသာ     ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

အမ်ဘတ်ပီသည်   ပီအက်စ်ဂျီအသင်းနှင့် စာချုပ် သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ငြင်းဆိုထားသည့် အတွက် ပီအက်စ်ဂျီအသင်းက လာမည့်ဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်သည့် အခြေအနေများကြောင့်    လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလကတည်းက အမ်ဘတ်ပီကို ရောင်းချရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

အမ်ဘတ်ပီ ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းတွင်   စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ကစားပြီး လာမည့်နှစ်   နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင်   အလွတ်ပြောင်းရွှေ့ကြေးဖြင့်   ရီးယဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်ထားကာ ရီးယဲလ်မက်ဒရစ် အသင်းကလည်း တစ်နှစ်စောင့်ဆိုင်းပြီးမှသာ အမ်ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ရီးယဲလ်မက်ဒရစ် အသင်းက အမ်ဘတ်ပီကို လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူဦးမည် မဟုတ်ဘဲ အသင်းတိုက်စစ်ပိုင်း အတွက် ဗလာဟိုဗစ်ချ်ကိုသာ ဦးစားပေး ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။