စပို့တင်းလစ္စဘွန်းအသင်းက တတိယဝတ်စုံကို စီရော်နယ်ဒိုအား ဂုဏ်ပြု ထုတ်လုပ်ကာ လာမည့် ဘောလုံးရာသီတွင် အသုံးပြုရန် စီစဉ်

စပို့တင်းလစ္စဘွန်းအသင်းက တတိယဝတ်စုံကို စီရော်နယ်ဒိုအား ဂုဏ်ပြု ထုတ်လုပ်ကာ လာမည့် ဘောလုံးရာသီတွင် အသုံးပြုရန် စီစဉ်

    ပေါ်တူဂီထိပ်တန်းကလပ်အသင်း တစ်သင်းဖြစ်သည့် စပို့တင်းလစ္စဘွန်းအသင်းက လာမည့်ဘောလုံး ရာသီတွင် ဝတ်ဆင်ကစားမည့် တတိယမြောက်ဝတ်စုံကို   အသင်းကစားသမားဟောင်း တစ်ဦးဖြစ်သည့်  စီရော်နယ်ဒိုအား ဂုဏ်ပြုပြီး   သီးသန့်ထုတ်လုပ်ကာ     ဝတ်ဆင် အသုံးပြုမည်ဖြစ်ကြောင်း အတည်ပြုကြေညာ ခဲ့သည်။

အသက် ၃၈ နှစ်အရွယ် စီရော်နယ်ဒိုသည် စပို့တင်း လစ္စဘွန်းအသင်း အကယ်ဒမီထွက် ကစားသမားတစ် ဦးဖြစ်ပြီး ၂၀၀၂ ခုနှစ်က အသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ကာ   ကစားသမားဘဝကို   စတင်ခဲ့သူဖြစ်သည်။

စီရော်နယ်ဒိုသည် စပို့တင်းလစ္စဘွန်း အသင်းတွင် တစ်ရာသီကြာ ကစားပြီးနောက်  ၂၀၀၃   ခုနှစ်က စပို့တင်းလစ္စဘွန်း အသင်းမှ မန်ယူအသင်းသို့ ပြောင်း ရွှေ့ကစားခဲ့ကာ ကမ္ဘာ့ထိပ်တန်း အဆင့်ရှိ ခြေစွမ်းပြ နိုင်ခဲ့ပြီး    ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို လည်း   မန်ယူအသင်းနှင့်အတူ  စတင်ရယူခဲ့သူဖြစ်သည်။

ထို့နောက် ၂၀၀၉  ခုနှစ်က   မန်ယူအသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့   ပြောင်းရွှေ့ကစားပြီး နောက် ကစားသမားဘဝ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း လေးကြိမ်ထပ်မံရယူနိုင်ခဲ့ကာ    လက်ရှိအချိန်ထိ  အောင်မြင်သည့် ကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်သည်။

ယခုအခါ စပို့တင်းလစ္စဘွန်း အသင်းကလာမည့်  ဘောလုံးရာသီတွင် ဝတ်ဆင်ကစားမည့်   တတိယ ဝတ်စုံကို စီရော်နယ်ဒိုအား ဂုဏ်ပြု ထုတ်လုပ်ထားပြီး ဝတ်စုံကို   အယ်နာဆာအသင်း ဝတ်စုံနှင့်ဆင်တူကာ လက်မောင်းအရောင်နှင့် ရင်ဘတ်တို့တွင် အနက်ရောင်ကို အသုံးပြုထားပြီး ရင်ဘတ်တွင်လည်း CR7  စာသားကို  ထည့်သွင်းကာ ဂုဏ်ပြုခဲ့ကြောင်း  သိရသည်။