အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၈

          အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည့်ဇာနည် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲပထမနေ့ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

          အဆိုပါ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့် ဩဂုတ် ၁၄ ရက်အထိ ယှဉ်ပြိုင်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။