အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၈

          အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ ကို ဩဂုတ် ၇ ရက် ညနေပိုင်းတွင် နယ်မြေခံသင်တန်းကျောင်းဝန်းအားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။

          ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။

          အဆိုပါ ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဩဂုတ် ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။