ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ်၌ မြေငလျင်သဏ္ဍာန် ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်

ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ်၌ မြေငလျင်သဏ္ဍာန်ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံမြို့၊ ကျိုင်းတက္ကသိုလ်၌ မြေငလျင်သဏ္ဍာန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များ တက်ရောက် ကြသည်။

  ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြေငလျင်သဏ္ဍာန်ဇာတ်တိုက် လေ့ကျင့်ခန်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြေငလျင်သဏ္ဍာန်ဇာတ်တိုက် လေ့ကျင့်ခန်းများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး မြေငလျင်သဏ္ဍာန် ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား တိုင်းမှူးက ဂုဏ်ပြုဆု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။