အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက်တိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၈
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် (၅၁)နှစ် မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မင်္ဂလာနန်းဦးပန်းခြံ (ကလေးကစားကွင်း)အား ဖွင့်လှစ်ခဲ့ပြီး အထိမ်းအမှတ်ကျောက်တိုင်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးသည်။ ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အမှတ်တရအရုပ်လက်ဆောင်များနှင့် မုန့်များပေးအပ်ကြသည်။
၎င်းနောက် (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆုချီးမြှင့်ခြင်း ကို တိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ လုံခြုံရေးတာဝန်များတွင် အသက်ကိုပဓာန မထားပဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည့် အရာရှိ/စစ်သည်များ၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများ၊ အိမ်ထောင်သည်လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သန့်ရှင်းရေး အကောင်းဆုံးဆု ရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ထို့ပြင် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ များကို ကျင်းပကြပြီး တိုင်းမှူးက ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်သည်။ ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးကြပြီး သီချင်းများ သီဆိုဖျော်ဖြေကာ စတုဒီသာများ ကျွေးမွေး ခဲ့ကြောင်း သတင်းရရှိသည်။