ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေး
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၁၀
ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်း (စော်ဘွားကြီးကုန်း)၌ မိဘမျိုးဥစားကြက်များ မွေးမြူထားရှိမှု၊ မှိုများ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးအစာစပ်စက်ရုံလည်ပတ်နေမှု၊ သီးပင် စားပင်များ စိုက်ပျိုးထားရှိမှု၊ ငါးမွေးမြူရေးကန်များ၌ ငါးတန်၊ ငါးမုတ်၊ မြက်စားငါးကြင်းများ မွေးမြူထားရှိမှု၊ ဥစားကြက်များ မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။