Covid-19 ရောဂါကုသရေးအတွက် အထောက်အကူပြု နိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၁

   

Covid-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် Covid-19 ရောဂါကုသရေး ဌာနများအရောက် သွားရောက် လှူဒါန်းလျက်ရှိသည်။

   

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။