လာရောက်ဖူးတဲ့ အခါမှာလည်း တကယ့်အထင်ကရဘုရားကြီးကို ဖူးခွင့်ရခဲ့တဲ့အတွက် မျက်ရည် ကျလောက်တဲ့အထိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော့်လိုပဲ နိုင်ငံတစ်ဝန်းမှာရှိကြတဲ့ လူတွေအားလုံးလည်း ဝမ်းသာပီတိ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်

လာရောက်ဖူးတဲ့ အခါမှာလည်း တကယ့်အထင်ကရဘုရားကြီးကို ဖူးခွင့်ရခဲ့တဲ့အတွက် မျက်ရည် ကျလောက်တဲ့အထိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော့်လိုပဲ နိုင်ငံတစ်ဝန်းမှာရှိကြတဲ့ လူတွေအားလုံးလည်း ဝမ်းသာပီတိ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၈ ရက်မှ ၁၆ ရက် အထိ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ တတိယနေ့ဖြစ်သော သြဂုတ် ၁၀ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘုရားဖူးရောက်ရှိလာသော မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံပြီး ယင်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနုမောဒနာ ခေါ်ဆိုသံများ၊ အနာဂတ်ဗုဒ္ဓသာသနာအတွက် မြော်တွေး၍ တက်ကြွသော စကားသံများကို ကြားသိခဲ့ရပါသည်။ အဆိုပါဘုရားဖူးပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိစကားသံများကို ပြန်လည်ရေးသားမျှဝေလိုက်ရပါသည်-

ဆရာတော် ဥူးသီရိန္ဒ (ရန်ကုန်မြို့)

ဆရာတော်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ကိုတည်နေတယ်ကြား ကတည်းက ဖူးမြော်ချင်ခဲ့တာပါ။  ဘာကြောင့်လဲဆိုတော့ စကျင်ကျောက်တုံးကြီးတွေကို ခက်ခက်ခဲခဲ သယ်ဆောင်ပြီး တည်ထားတဲ့ရုပ်ပွားတော်မြတ်ကြီး ဖြစ်တာကြောင့်ပါ။ ကမ္ဘာမှာ အကြီးဆုံး ကျောက်ဆစ်ရုပ်ပွားတော်လည်းဖြစ်၊ ဉာဏ်တော်အမြင့်ဆုံးလည်းဖြစ်၊ ပြီးတော့ နည်းပညာအစုံနဲ့ စနစ်တကျတည်ထားတဲ့ ရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့အတွက် လာရောက်ဖူးမြော်တာပါ။ အခုလိုဖူးမြော်ခွင့် ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ထင်ထားတာထက် ခမ်းခမ်းနားနားကြီးကြီး ကျယ်ကျယ်သပ္ပာယ်စွာနဲ့  အခုလိုဖူးမြော်ခွင့်ရတာ သာသနာတော်အတွက်ရော ဝမ်းသာဝမ်းမြောက် ဖြစ်မိပါတယ်။ ဆရာတော်အနေနဲ့ အခုလို မာရဝိဇယဘုရားကို တည်ထားပေးကြတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူအားလုံးကို သာသနာတော်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ဦးတင်ရွှေ (တပ်ကုန်းမြို့)

မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ဖို့အတွက်    ကျောက်တုံးတော်ကြီးတွေအားလုံးကို ဆီမီးခုံ ဆိပ်ကမ်းကနေ သယ်ဆောင်လာကတည်းက  ရုပ်မြင်သံကြားကနေမြင်ခဲ့ရတယ်။  ဒီလိုမြင်ကတည်းက အားရဝမ်းသာဖြစ်မိတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ်။ ဘယ်တုန်းကမှ ဒီလိုဖြစ်လာလိမ့်မယ်လို့မထင်တဲ့ကိစ္စ၊  ကမ္ဘာမှာ  အခုလောက်ကြီးမားတဲ့ မြတ်စွာဘုရားရုပ်ပွားတော်ကြီးကို ဖူးရလိမ့်မယ်လို့ မထင်ထားပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးက   ဦးဆောင်ဘုရားဒါယကာအဖြစ် တည်ထားလိုက်တဲ့အတွက်  အလွန်ကြည်နူးမိတယ်။  လာရောက်ဖူးတဲ့ အခါမှာလည်း   တကယ့်အထင်ကရ  ဘုရားကြီးကို ဖူးခွင့်ရခဲ့တဲ့အတွက် မျက်ရည်ကျလောက်တဲ့အထိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။  ကျွန်တော့်လိုပဲ နိုင်ငံတစ်ဝန်းမှာရှိကြတဲ့လူတွေအားလုံးလည်း  ဝမ်းသာပီတိ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မာရဝိဇယဘုရားကြီး ဖူးမြော်ပြီးတဲ့အခါမှာ ဘုရားကြီးရဲ့ဉာဏ်တော်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ရယူထားပါတယ်။   လာရောက်ဖူးမြော်ဖို့ မလာဖြစ်သေးတဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ပြောပြပြီး အခုလိုမျိုးကြုံတောင့်ကြုံခဲအချိန်မျိုးမှာ လာရောက်ဖူးမြော်ကြ ပါလို့ တိုက်တွန်းချင်ပါတယ်။

ရုပ်ပွားတော်မြတ်ကြီးရဲ့ ရှေ့မျက်နှာမူရာတည့်တည့်မှာ ပိဋကတ်တော်တွေကို ထွင်းထု ထည့်သွင်းထားတယ်။ ဒီလိုလုပ်ထားတာမျိုးကလည်း ရှားပါတယ်။ ကျောက်စာရုံ စေတီတွေနဲ့ပတ်သက်ပြီးတော့ လေ့လာရတာလည်း ဝမ်းသာမိပါတယ်။

ဒေါ်ဝင်းစိန် (နွယ်ရစ်ကျေးရွာ၊ တပ်ကုန်းမြို့)

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမြော်ခွင့်ရပြီဆိုတာကို ကြားသိရတဲ့အတွက် လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်တဲ့အခါမှာ ကျွန်မတို့လို သက်ကြီးရွယ်အိုတွေနဲ့ သံဃာတော်တွေကို ဘုရားမုခ်ဦးရှေ့ကနေ ဘုရားပရိဝုဏ်အတွင်းရှိ ဘုရားရင်ပြင်တော်ဆီကို မော်တော်ယာဉ်ငယ်လေးတွေနဲ့    စနစ်တကျပို့ဆောင်ပေးတဲ့အတွက်  ဝမ်းမြောက်ဝမ်းသာခံစားရပါတယ်။ ဉာဏ်တော်အမြင့်ဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အခုလိုမျိုးဖူးမြော်ခွင့်ရတဲ့အတွက် ကျေနပ်ရပါတယ်။

ကိုအတီး(ရန်ကုန်မြို့)

အခုလို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ခွင့်ရတာ ဝမ်းသာပါတယ်။ ဘုရားကြီးက ထင်ရှားသပ္ပာယ်ပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အင်မတန်ဂုဏ်ယူရပါတယ်။  ဘုရားကို ဦးဆောင်ပြီး တည်ထားတဲ့ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။  ဘုရားကြီးပြီးလို့ ဖူးမြော်ခွင့်ရပြီဆိုကတည်းက ဖူးမြော်ချင်ခဲ့တာပါ။ အခုလို ဖူးမြော်ခွင့်ရတော့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကို မည်သူမဆိုလာရောက်ဖူးမြော်စေချင်ပါတယ်။  အားလုံးကိုလည်း လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါ်ယဉ်ယဉ်အေး(ရန်ကုန်မြို့)

အခုလို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ရတာ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။  ရန်ကုန်ကနေ လာရောက်ဖူးမြော်တာပါ။ မြန်မာနိုင်ငံမှာ အကြီးဆုံး ရုပ်ပွားတော်ကြီးဖြစ်တဲ့အတွက် အတိုင်းမသိ ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ တီဗွီကနေ ရုပ်ပွားတော်မြတ်ကြီးရဲ့ အစိတ်အပိုင်း စကျင်ကျောက်တွေကို  ခက်ခက်ခဲခဲသယ်ဆောင်ရတာတွေ၊   ပြီးတော့  ခေတ်မီနည်းပညာတွေနဲ့    ထုဆစ်တာတွေကိုကြည့်ရပါတယ်။

ပြီးတော့ စကျင်ကျောက်ပေါ် ခေတ်မီနည်းပညာတွေနဲ့   ကျောက်စာထွင်းတာတွေကို ကြားသိပြီး စိတ်ဝင်စားပြီး လာရောက်ဖူးမြော်ဖြစ်တာပါ။ အားလုံးလည်း လာရောက်ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ပါတယ်။     ။

တွေ့ဆုံမေးမြန်း-မင်းဂျိုင်း

ဓာတ်ပုံ-သန်းပြည့်