အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့၏ တိုင်းမှူး ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပ

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့၏ တိုင်းမှူး ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ် - ၁၁

     အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်  အောင်ဇေယျ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှု အားပေးကြသည်။

      အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၉ သင်းနှင့် အမျိုးသမီးအသင်း ၉ သင်းတို့ဖြင့် ဩဂုတ် ၂၈ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

      အလားတူ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ်  တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် တက်ရောက်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးသည်။

         အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် ဩဂုတ် ၁၆ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။