ရန်ကုန်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ် - ၁၁
ရန်ကုန်တိုင်း စစ်ဌာနချုပ် ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသား၊ အမျိုးသမီး ပစ္စတိုထိလဲပစ်ခတ်စဉ် ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသည့် တိုက်ကြီးတပ်နယ် ကိုယ်စားပြုအသင်း တို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် ဩဂုတ် ၂ ရက်မှ ယနေ့ထိ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။