အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၁

        အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြ သည်။

       ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝိတ်တန်းလိုက် ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ဆုရရှိသူများအား ဝိတ်တန်းလိုက် တစ်ဦးချင်းဆု၊ အကောင်းဆုံး လက်ဝှေ့ သမားဆု၊ ဒိုင်အဖွဲ့ဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒိုင်းဆုရရှိသော မုံရွာတပ်နယ် အသင်းကို တိုင်းမှူးက ဒိုင်းဆုအား  ချီးမြှင့်ပေးအပ်သည်။

        အဆိုပါ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဩဂုတ် ၅ ရက်မှ ယနေ့အထိ  ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။