မျိုးဆက်သစ်အောင်လံ လက်ဝှေ့ပြိုင်ပွဲကျင်းပ
ရန်ကုန် သြဂုတ် ၁၂
မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ 360 Sports က စီစဉ်ကျင်းပသည့် မျိုးဆက်သစ်အောင်လံ လက်ဝှေ့ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ၅၄-၅၇ ကီလိုတန်းပြိုင်ပွဲ၌ ရှိုင်းထူး(STL)နှင့် ဂျာလ(Python)တို့ ယှဉ်ပြိုင်ကြရာ ဂျာလ (Python)က လည်းကောင်း၊ ဒေါင်းသတ္တိ(ဒေါင်းမြန်မာ)နှင့် အောင်ရဲနိုင်(Power Punch)တို့ယှဉ်ပြိုင်ကြရာ အောင်ရဲနိုင် (Power Punch) ကလည်းကောင်း၊ အားမာန်(ရာဇဓိရာဇ်)နှင့် ထူးစေးဝါး(ရွှေဖူး)တို့ယှဉ်ပြိုင်ကြရာ ထူးစေးဝါး(ရွှေဖူး)ကလည်းကောင်း၊ စောကဲဒို(Holy Power)နှင့် ကစောထူး (ရိုးရာကျား) တို့ ယှဉ်ပြိုင်ကြရာတွင် စောကဲဒို(Holy Power)ကလည်းကောင်း အနိုင်ရရှိခဲ့သည်။
ထို့နောက် ၆၀-၆၃ ဒသမ ၅ ကီလိုတန်း ပြိုင်ပွဲ၌ စောဘီလူး (Power Punch)နှင့် ဝင်းဗိုလ်(ရာဇဓိရာဇ်) တို့ ယှဉ်ပြိုင်ကြရာ တတိယအချီတွင် စောဘီလူး (Power Punch) က ဆက်လက်မယှဉ်ပြိုင်နိုင်သည့်အတွက် ဝင်းဗိုလ်(ရာဇဓိရာဇ်)က အနိုင်ရရှိခဲ့ပြီး လောကွားဒူး(တော်ဝင်ရိုးရာ)နှင့် ညီရဲခန့် (YFC)တို့ယှဉ်ပြိုင်ကြရာ အမှတ်ဖြင့် လောကွားဒူး(တော်ဝင်ရိုးရာ)က အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဂေးဒို (STL)နှင့် သားလက်သီး(ရွှေမအူပင်)တို့ ဆက်လက်ယှဉ်ပြိုင်ရာ ပထမအချီအပြီးတွင် သားလက်သီး(ရွှေမအူပင်)က ဆက်လက် မယှဉ်ပြိုင်နိုင်တော့သည့် အတွက် ဂေးဒို(STL)က အနိုင်ရရှိခဲ့ပြီး ဂေါ်ဒိုထူး(ရိုးရာကျား)နှင့် တမာကျား(Smart Fight)တို့ ယှဉ်ပြိုင်ကြရာ၌ ပထမချီတွင် ဂေါ်ဒိုထူး(ရိုးရာကျား) က အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ၆၇-၇၁ ကီလိုတန်းပြိုင်ပွဲတွင် ဂေါ်ထူးဂေး(ရိုးရာကျား)နှင့် မြတ်သူ (ကျားဘုရင်)တို့ယှဉ်ပြိုင်ကြရာ မြတ်သူ (ကျားဘုရင်)က အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဇော်သက်နောင်(Knight)နှင့် ကျော်ဇေလတ် (ထွန်းထွန်းမင်း)တို့ ယှဉ်ပြိုင်ပွဲ၌ ဒုတိယအချီတွင် ဇော်သက်နောင်(Knight)က အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ အောင်ကိုမင်း (နဂါးမာန်)နှင့် မိုက်မိုက်(ရွှေမအူပင်)တို့ ယှဉ်ပြိုင်ပွဲတွင် ပထမအချီ၌ မိုက်မိုက်(ရွှေမအူပင်)က အနိုင်ရရှိခဲ့ပြီး အာကာဖြိုး (Tiger Gym)နှင့် စောကဲ(YFC)တို့ ယှဉ်ပြိုင်ကြရာ အာကာဖြိုး(Tiger Gym)က အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။